အိန္ဒိယ, ဗီယက်နမ်, ဖိလစ်ပိုင်, အင်ဒိုနီးရှား, မြန်မာ, ကမ္ဘောဒီးယား နှင့်လာအို ခုနှစ်နိုင်ငံ နိုင်ငံ သားများ ထိုင်ဝမ်ဝင်ခွင့် အင်တာနက်ပေါ်တွင် ကြိုတင်စီစစ်ရာတွင် အောက်ပါအချက်များနှင့်ကိုက်ညီရမည်။
အခြေခံအချက်အလက်(အားလုံးကိုက်ညီရမည်):
*အသုံးပြုသောနိုင်ငံကူးလက်မှတ်သည် ၆လ သက်တမ်းအထက်ရှိရမည်(ဆိုလိုသည်မှာ ထိုင်ဝမ်ဝင်ချိန်တွင် ရှိရမည့်သက်တမ်းဖြစ်သည်, အင်တာနက်ပေါ်တွင်သွားလျှောက်ချိန်က သက်တမ်းမဟုတ်ပါ)။
*အပြန်လေယာဉ်လက်မှတ်,သင်္ဘောလက်မှတ်, သို့ မဟုတ် နောက်သွားမည့်နေရာ၏ လေယာဉ်လက်မှတ် ,သင်္ဘောလက်မှတ်.
*ယခင်ထိုင်ဝမ်တွင် အလုပ်ကြမ်းနှင့် အလုပ်ခန့် ထားခံဘူးခြင်းမရှိသူ.
အထူးအချက်အလက် (အေက်ပါအချက်အလက်များထဲမှ တစ်ခုသာလိုအပ်မည်):
1.လက်ရှိအခုချိန်တွင် အမေရိကန်၊ကနေဒါ၊ ဗြိတိသျှ၊ ဂျပန်၊သြစတြေးလျ၊နယူးဇီလန်၊ ကိုးရီးယား၊ အီးယူနိုင်ငံ အထဲမှ နိုင်ငံတစ်နိုင်ငံ၏ (a)ယာယီ သို့ မဟုတ် အမြဲတမ်းနေထိုင်ခွင့်ကဒ်ပြား (သို့ မဟုတ်) (b)သက်တမ်းရှိ ဆဲဗီဇာ(အီးဗီဇာအပါအ၀င်) (သို့ မဟုတ်) (c)သက်တမ်းကုန်ပြီး ဆယ်နှစ်အတွင်းရှိသော နေထိုင်ခွင့်ကဒ်ပြား သို့ မဟုတ်ဗီဇာ. (ပြည်ဝင်ချိန်တွင် တင်ပြရမည်။ မပြနိုင်ပါကပြည်ဝင်ခွင့်ပြုမည်မဟုတ်ပါ)
※လက်ရှိ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံ၏ e-ဗီဇာဖြင့်လျှောက်ထားလျှင် ၎င်းe-ဗီဇာသည် သက်တမ်းမကုန်သေးသော ဗီဇာဖြစ်ရမည်။
※ဂျပန်ဗီဇာဖြင့်လျှောက်ထားသူသည် ဂျပန်န်ုင်ငံကိုဝင်ထားသည့်မှတ်တမ်း သို့ မဟုတ် ဂျပန်သို့ သွားမည့် လေယာဉ်(သင်္ဘော) လက်မှတ်ပြရမည်။
2.ယခုတွင် လွန်ခဲ့သော ၁၀ နှစ်အတွင်းကထုတ်ပေးသော ထိုင်ဝမ်ဗီဇာ သို့ မဟုတ်ထိုင်ဝမ် နေထိုင်ခွင့်ကဒ် ပြားကိုင်ဆောင်ထားပြီး ပြစ်မှုကျူးလွန်းခြင်းမရှိသူ။ ကိုင်ဆောင်ထားသော ထိုင်ဝမ်ဗီဇာမှတ်ချက်ပေါ်တွင် 「FL」(ရွေ့ ပြောင်းလုပ်သား),「X」(အခြား) ,「P」with Special Permission from MOFA (「Kuan-Hong Project」စာရွက်စာတမ်း သို့ မဟုတ် e-ဗီဇာသည် အရင်ပုံစံအတိုင်း ) သို့ မဟုတ်နေထိုင်ခွင့်ကဒ် ပြားပေါ်တွင် (ရွေ့ ပြောင်းလုပ်သား) ဖြင့်ရေးထားလျှင်လျှောက်လို့ မရပါ.
သတိထားရမည့်အချက်များ
*နေထိုင်ခွင့်သက်တမ်း ၁၄ ရက်၊ ခွင့်ပြုဗီဇာသက်တမ်းရက် ၉၀။ ဗီဇာသက်တမ်းမပြည့်မှီ(၇)ရက်အလိုတွင် အသစ်ပြန်လည်လျှောက် ထားနိုင်သည်။ သက်တမ်းအတွင်း ထပ်ခါထပ်ခါ အသုံးပြုနိုင်သည်။
*ဖြည့်စွတ်မှုမှားယွင်းပါက ချက်ချင်းအသစ်ပြန်လည်လျှောက်ထားနိုင်သည်။
*တရားဝင်နိုင်ငံကူးလက်မှတ်ဖြင့်လျှောက်ထားရမည်။ ယာယီ၊အရေးပေါ်နိုင်ငံကူးလက်မှတ် သို့ မဟုတ် တရားမ၀င်သောစာရွက်စာတမ်း နှင့် လျှောက်ထားလို့ မရ။
*တရားဝင်ဗီဇာအသုံးပြုသူဖြစ်ရမည်။ အလုပ်အကိုင်ပါမစ် သို့ မဟုတ် အခြားသောနည်းတူစာရွက်စာတမ်းများ အသုံးပြု၍မရ။
*အထက်ပါနိုင်ငံများ၏ ဗီဇာပေါ်တွင် VOID, CANCELLED သို့ မဟုတ် CANCELLED WITHOUT PREJUDICE တံဆိပ်တုံးများထုထားပါက လျှောက်လို့ မရပါ။
*သက်တမ်းကုန်ပြီး ဆယ်နှစ်အတွင်းရှိသော နေထိုင်ခွင့်ကဒ်ပြား သို့ မဟုတ် ဗီဇာ ဆိုလိုသည်မှာ ယင်း ကဒ်ပြား သို့ မဟုတ်ဗီဇာ သက်တမ်းပြည့်ပြီးရက်မှစ၍ (အကယ်၍၄င်းကဒ်ပြားသည် သက်တမ်းကုန်ဆုံး ရက်မပါပါက ကဒ်ပြားစတင်ထုပ်ပေးသောရက်ကိုမှတ်ယူမည်) ထိုင်ဝမ်ဝင်မည့်ရက်နှစ်ခုကြား ဆယ်နှစ်အတွင်း မကျော်ရ.
*အမြဲတမ်းနေထိုင်ခွင့်ကဒ်ပြားပေါ်တွင် သက်တမ်းကုန်ဆုံးရက်မပါပါက ၄င်းကဒ်ပြား၏ကုန်ဆုံးရက်ကို [9999ခုနှစ်/12လ/31ရက်] နှင့်အစားထိုးရမည်.
*ခွင့်ပြုဗီဇာကို လေဆာမိတ္တူစက်ဖြင့် ကူးယူရန်အကြံ ပြုသည်.
*အင်ဒိုနီးရှားနိုင်ငံသားများ ဂျာပန်နိုင်ငံမှ ထုတ်ပေးသော 「Japan Visa Waiver Registration」ကိုကိုင်ဆောင်ထားသူသည် ဤလျှောက်လွှာလျှောက်ထားလို့ ရသည်။
အင်တာနက်မှလျှောက်မည့်လိပ်စာ :